ဖေဖော်ဝါရီ ၂၈၊ ၂၀၂၁ #day28
ဒီနေ့ဟာ အာဏာသိမ်းပြီးနေ့များတွင် သွန်းစွန်းမှုအလွန်များတဲ့ နေ့ရက်တစ်ရက်ဖြစ်ပါတယ်။ အိမ်ကိုပြန်မရောက်လာတဲ့ လူငယ်ပေါင်းများစွာရှိနေပါတယ်။ လူမှုကွန်ရက်စာမျက်နှာများမှာ ကျဆုံးသွားသူများ၊ ဒါဏ်ရာရရှိသူများနဲ့ ပက်သက်သည့် အမှတ်တရအကြောင်းအရာများကို ရေးသားမှုများစွာရှိနေပါတယ်။ Milk Tea Alliance နေ့မှာ ငြမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြ သော်လည်း အကြမ်းဖက်ဖြိုခွင်းမှုများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ နိုင်ငံတစ်ဝန်း အကြမ်းဖက်ဖြိုခွင်းမှုများနှင့် ရက်စက်မှုများကြောင့် ထိန့်လန့်အံဩခဲ့ရပါတယ်။ ယနေ့တွင် သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၂၀ ဦးရှိပါသည်။ အချို့သော သတင်းများတွင် သေဆုံးသူ ၂၃ ဦးထိရှိသည်ဟု ဖော်ပြမှုများတွေ့ရပြီး သေဆုံးသူ အနည်းဆုံး ၂၇ ရှိသည်ဟု ခန့်မှန်းကြပါသည်။ သေနတ်ဖြင့်ပစ်ခတ်မှုများကြောင့် ပြင်းထန်စွာဒါဏ်ရာရရှိသူ များစွာရှိနေပြီး အချို့သည် အရေးပေါ်အခန်းကြပ်မှတ်ကုသနေကြပါသည်။ အနည်းဆုံး ၈ မြို့နယ်တွင် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ထာဝယ်၊ မြိတ် နှင့် ရန်ကုန်မြို့များတွင် သေဆုံးမှု အများဆုံး ဖြစ်ပွားခဲ့ပါသည်။ Curfew ချိန်မတိုင်ခင် နိုင်ငံတစ်ဝန်းရှိမြို့များတွင် ပြည်သူများမှ ဖယောင်းတိုင်များဖြင့် ကျဆုံးသွားသူများအတွက် ဆုတောင်းပေးခဲ့ကြသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့မှ ယနေ့ထိ ကျဆုံးသူ အနည်းဆုံး ၃၀ ရှိနေပြီ ဖြစ်ပြီး ဒါဏ်ရာရရှိသူ များစွာရှိနေပါသည်။ ယနေ့တွင် ဆန္ဒပြသူ ၁၀၀ ဝန်ကျင်၊ ကျောင်းသားအများစု ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဖမ်းဆီးထိန်းသိမ်းခံရသူ စုစုပေါင်း ၁၀၀၀ ကျော်ရှိသွားပြီ ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးထိန်းသိမ်ခံရသူများထံမှ ငွေကြေးများတောင်ခံနေသည်ဟု ကြားသိနေရသည်။ ရန်ကင်းမြို့နယ်တွင် ဖမ်းဆီးခံရသော် ဆရာဝန် ၇၀ ကျော်အတွက် ကျပ်သိန်း ၁၃၀ ခန့်တောင်းခံနေသည့် ဟုလည်း အချို့သတင်းများတွင် ဖော်ပြကြသည်။ ဆန္ဒပြသူများအားဖြိုခွင်းပြီး ညတွင် အောင်ပွဲခံနေသော ရဲသားများ၏ဓါတ်ပုံများ၊ ရန်ကုန်မြို့တွင် အရပ်သားကားများဖြင့် လည့်ပတ်သွားလာနေသည့် စစ်သားပုံများ၊ ပခုက္ကူမြို့မှ ဒါရာရှိသူများအား ကူညီနေသည့်ပုံများနှင့် ဒါဏ်ရာရှိသူများ မြေပြင်ပေါ်တွင် လဲကျနေ့သည့်ပုံများ၊ ဆိုင်ကယ်စီးပြီး ဆန္ဒပြသူအား စစ်တပ်ကားဖြင့် အကြမ်းဖက်တိုက်ခဲ့ပုံ၊ ထာဝယ်မြို့မှ စစ်သားများ ကျည်အစစ်ထည့်ပြင်ဆင်နေပုံများနှင့် ပစ်ခတ်ပုံများကို လူမှုကွန်ရက်များတွင် မျှဝေသူများ များပြားစွာ ရှိနေသည်။
နိုင်ငံတကာမှ အကူအညီတောင်ခံနေမှုများစွာကိုလည်း လူမှုကွန်ယက်များတွင် တွေ့ရှိနေရသည်။ အမေရိကန်သံရုံနှင့် ကုလသမဂ္ဂတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း အကူအညီတောင်းခံသူများစွာ တွေ့နေရသည်။ Responsibility to Protect (R2B) အားအကောင်အထည်ဖော်ရန် တောင်ဆိုသူများလည်း များစွာရှိနေသည်။ "ကုလသမဂ္ဂမှ အရေးယူဆောင်ရွက်မှုများ စတင်ရန် ဘယ်လောက် ထပ်သေရဦးမလဲ။" "အားလုံးမျှော်လင့်ချက်မဲ့နေပြီ။" "တပ်မတော်သည် အကြမ်းဖက်သမား" စသည့် စာသားများ ရေးသားထားသည်ကိုလည်း တွေ့နိုင်သည်။ အချို့သူများမှ နိုင်ငံတကာထံအကူအညီတောင်းခံမှုသည် လက်တွေ့မကျဘဲ CDM နှင့် လမ်းပေါ်တွင် ဆန္ဒပြခြင်းများကိုသာ ပို၍အာရုံစိုက်သင့်သည်ဟုဆိုကြသည်။ ထိုင်းနိုင်ငံမှ ဒီမိုကရေစီလိုလားသူ များမှလည်း ထိုင်းရောက်မြန်မာနိုင်ငံသားများနှင့်အတူ မြန်မာနိုင်ငံသားများနှင့်ရပ်တည်ကြောင်း ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ပြီး မျက်ရည်ရိုဗုံးများနှင့် ရေအမြှောက်များဖြင့် ဖြိုခွဲခြင်းခံခဲ့ရသည်။ မြန်မာနိုင်ငံမှ ဖြိုခွင်းမှုများနှင့် မတူသည့်အချက်ကတော့ ထိခိုက်ဒါဏ်ရာရှိမှုများ လုံးဝမရှိခဲ့ပါ။
အခြားထင်ရှားတဲ့ သတင်းတစ်ခုကတော့ မန္တလေးခရိုင်အတွင်းမှ မြို့နယ် ၇ မြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စတင်ဖွဲစည်းလိုက်သည့် သတင်းဖြစ်သည်။ အုပ်ချုပ်ရေးအဖွဲ့များတွင် လူဦးရေ ၂၃ ဦးမှ ၂၅ ဦးအထိပါရှိကြပြီး ရွေးကောက်ခံလွှတ်တော်ကိုယ်စာလှယ်များ၊ CDM ပြုလုပ်နေသည့် ဝန်ထမ်းများ၊ မတူညီသော အရပ်ဘက်အဖွဲ့အစည်းများ စွာပါဝင်နေသည်ကို တွေ့ရသည်။ စစ်အာဏာရှင်တို့၏အမိန့်ကို အာခံပြီး ကိုယ်ပိုင်အုပ်ချုပ်နိုင်ရန် ညွှန်ကြားသော CRPH ၏ အဆိုပြုချက်များအတိုင်း ဤအဖွဲ့အစည်းများအား ဖွဲ့စည်းကြခြင်းဖြစ်သည်။ စနစ်တကျရှေ့တက်ခြင်း၊ နောက်ဆုတ်ခြင်းများ ပြုလုပ်ရန်၊ မျက်ရည်ယိုဗုံးများအားခုခံရန်အတွက် အဝတ်အပိုများ၊ ရေများယူဆောင်လာကြရန်နှင့် မီးပွိုင့်များရှိ cctv ကင်မရာများအား မမြင်နိုင်အောင်ဆောင်ရွက်ကြရန် ဆန္ဒပြသူများအကြားတွင် သတိပေးမှုများရှိနေသည်။



Comments
Post a Comment