မတ် ၁၊ ၂၀၂၁ #day29
ယမန်နေ့က သွေးထွက်သံယိုမှုများအလွန်များပြားခဲ့သော်လည်း ဆန္ဒပြမှုများသည် ရပ်တန့်သွားခြင်းမရှိသည်ကိုတွေ့ရသည်။ မြို့ကြီးအတော်များများတွင် ဆန္ဒပြမှုများဆက်လက်ရှိနေပြီး အကြမ်းဖက်ဖြိုခွဲမှုကို ရင်ဆိုင်နိုင်ရန်အတွက် ဆန္ဒပြမှုပုံစံများသည် ပိုမိုစနစ်ကျလာပြီး ပုံစံအနည်းငယ်ပြောင်းလဲလာသည်ကိုတွေ့ရသည်။ အထူးသဖြင့် ရန်ကုန်ရှိ ဆန္ဒပြပွဲများတွင် ဆန္ဒပြသူများမှ လမ်းပိတ်ခြင်းမှာ tear gas နှင့် rubber bullet များကို ခံနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လာကြသည်ကိုတွေ့ရသည်။ ထို့တွက်ကြောင့် သေဆုံးမှု အပြင်းအထန်ဒဏ်ရာရမှုများ ယနေ့တွင် မရှိသည်ကိုတွေ့ရသည်။ ထူးခြားဆန်းပြားသောနည်းလမ်းတစ်ခုမှာ ကာကွယ်ရေးဦးစီးချုပ်မျက်နှာပါရှိသော sticker များအား ဆန္ဒပြရာအနီးတဝိုက်ရှိ လမ်းမများတွင် ကပ်ထားခြင်းဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့များ ချီတက်လာပါက အဆိုပါ sticker များကို ခွာနေရသောကြောင့် ၎င်းတို့၏ အချိန်များကို နှောက်နှေးစေရန် ရည်ရွယ်ပြုလုပ်ကြခြင်းဖြစ်သည်။
ယမန်နေ့က ရက်စက်သောအကြမ်းဖက်မှုများကြောင့် စစ်အစိုးရအပေါ် တန်ပြန်သက်ရောက်မှုများရှိသည်ကို တွေ့ရသည်။ အစိုးရအဖွဲ့အတွင်းရှိ အဆင့်မြင့်ဝန်ထမ်းတစ်ချို့ CDM တွင်ပါဝင်လာသည်။ ယမန်နေ့က မန္တလေးမြို့ရှိ မြို့နယ်ရဲတပ်ဖွဲ့မှုး တစ်ဦးသည် ပြည်သူများအား အကြမ်းဖက်မှုအားလက်မခံနိုင်သောကြောင့် CDM အားပူးပေါင်းကြောင်း ကြေညာခဲ့သည်။ စစ်တပ်မှ စစ်သားများအား ရဲတပ်ဖွဲ့သို့ပြောင်းရွေ့စေပြီး ရာထူးအကြီးများပေးသည့်စနစ်သည်လည်း တရားမျှတမှုမရှိခြင်းကြောင်း ၎င်းကိုယ်တိုင်ရေးသားသည့်စာတွင် ဖော်ပြခဲ့သည်။ ထို့အပြင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဒုတိယအမြဲတမ်းအတွင်းဝန်သည်လည်း CDM တွင် ပါဝင်ကြောင့် ယနေ့ကြေညာခဲ့သည်။ ၎င်းသည် AG ရုံးအတွင်းရှိ CDM လှုပ်ရှားမှုတွင် ပါဝင်သော ဝန်ထမ်းများအနက် ရာထူးအကြီးဆုံးဖြစ်ကြောင်းလည်း သတင်းများအရသိရှိရသည်။
2020 ရွေးကောက်ပွဲရလဒ်တရားမဝင်တော့ကြောင့် ကြေညာခဲ့သည့် တပ်မတော်ဦးဆောင်သည့် SAC အား CRPH မှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တုံ့ပြန် စာထုတ်လိုက်သည်။ အဆိုပါကြေညာချက်ကြောင့် စစ်အစိုးရအပေါ် ဥပဒေအကြောင်းအရမည်သို့သော လက်ငင်းသက်ရောက်မှုများရှိမည်ဆိုသည်မှာ မရောရာသော်လည်း CRPH သည် လူထုထောက်ခံမှုကိုရရှိထားပြီး နိုင်ငံတကာမှ အသိအမှတ်ပြုထားသည့် 2020 ရွေးကောက်ပွဲမှ အနိုင်ရကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်ခြင်းကြောင့် အဆိုပါကြေညာချက်သည် စစ်အစိုးရအပေါ်တွင် နိုင်ငံရေးအရ သက်ရောက်မှုများရှိလာမည်ဖြစ်သည်။ စစ်အစိုးရခေါင်းဆောင်များသည် CDM အကြောင်း ထုတ်ဖော်ပြောဆိုမှုပြုလုပ်ခဲ့သော်လည်း ယခုအချိန်ထိ CRPH နှင့် ပတ်သက်၍ တစုံတရာမှတ်ချက်ပေးခြင်းမရှိသေးပါ။ ၎င်းတို့အနေဖြင့် CRPH အပေါ် မှတ်ချက်ပေးခြင်းဖြင့် ၎င်း၏ တည်ရှိမှုအပေါ် အသိအမှတ်ပြုသကဲ့သို့ဖြစ်မည်ကို မလိုလားကြောင်း ထင်ရှားပါသည်။
စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်တည်ငြိမ်မှုပျက်ပြားစေသော ပုဒ်မ ၅၀၅ (ခ)၊ ဆက်သွယ်ရေးပုဒ်မ ၆၇ တို့ဖြင့်လည်းကောင်း၊ သမ္မတဦးဝင်းမြင့်အား ပုဒ်မ ၅၀၅ (ခ) ဖြင့်လည်းကောင်း ထပ်မံတရားစွဲဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် Walkie Talkie အား သူကိုတိုင် အသုံပြုခြင်းကြောင့် ပုဒ်မ ၆၇ ဖြင့်ဆွဲရခြင်းဖြစ်ကြောင်း၊ CRPH ၏ စာအမှတ် (၆/၂၀၂၁) ကြောင့် ၎င်းတို့နှစ်ဦးအား 505 (ခ) ဖြင့် ဆွဲရခြင်းဖြစ်ကြောင်း ၎င်းတို့၏ ရှေ့နေပြောကြားချက်အရသိရှိရသည်။ လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၄ ခုဖြင့် တရားစွဲခံထားရပြီးဖြစ်သည်။ ထို့အပြင် စစ်အစိုးရမှ သူမအား နေရာပြောင်းရွေ့လိုက်ခြင်းကြောင်း လက်ရှိအချိန်အတွင် သူမမည်သည့်နေရာတွင် အချုပ်ချနေသည်ကို မသိရှိကြောင်း ပါတီခေါင်းဆောင်များက ပြောဆိုပါသည်။
NLD အစိုးရလက်ထက်တွင် တပ်မတော်နှင့် အပြင်းအထန်တိုက်ခိုက်ခဲ့ကြသော Northern Alliance အဖွဲ့ဝင် ၃ ဖွဲ့, Arakan Army, PNLF (Paluang), and MNDAA (Kokang) အဖွဲ့များသည် တစ်ဖက်သတ်အပစ်ရပ်ခြင်းအား မတ်လကုန်ထိ တစ်လသက်တမ်းတိုးကြောင်း ကြေညာခဲ့သည်။ အဆိုပါ ၃ ဖွဲ့သည့် လက်ရှိအချိန်တွင် တပ်မတော်နှင့် biliteral ceasefire agreement ရရှိနိုင်ရန် ညှိနှိုင်းလျက်ရှိသည်။ အဆိုပါကြေညာချက်ကြောင့် ဆန္ဒပြသူများက အဆိုပါ ၃ ဖွဲအားဝေဖန်နေကြပြီး စစ်အစိုးရနှင့် မညှိနှိုင်းဘဲ တိုက်ခိုက်သင့်ကြောင်း ဝေဖန်ပြောဆိုနေကြသော်လည်း အချို့သူများက အပစ်ရပ်ခြင်းအား ကြိုဆိုကြပြီး တိုင်းရင်းသားဒေသများတွင် သေကြေပျက်စီးခြင်းများ ဆက်မရှိသင့်ကြောင်း ပြောဆိုကြပါသည်။
ရှမ်းပြည်နယ်လာရှိုးမြို့ရှိ ကချင်ခရစ်ယာန်အဖွဲ့၏ ခြံဝင်းအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များဝင်ရောက်လာပြီး ဓမ္မဆရာများအပါအဝင် လူ ၁၀ ဦးခန့်အား ရိုက်နက်ပြီး ဖမ်းဆီးသွားကြောင်း အဆိုပါဒေသရှိ သတင်းမီဒီယာများအရသိရှိရပါသည်။ ဆန္ဒပြသူများအား ဘုရားကျောင်းဝင်းအတွင်း ပုန်းခိုခွင့်ပေးခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ ဘုရားကျောင်းဝင်းအတွင် သေနတ်ပစ်ဖောက်ခြင်းနှင့် ခြံတံခါးချိုးဖျက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်းလည်း သိရှိရသည်။ ထို့အပြင် မန္တလေးမြို့ရှိ ဗလီတစ်ခုအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အကြမ်းဖက်ဝင်ရောက်ခဲ့ပြီး အသက် ၃၈ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးအားဖမ်းဆီးခေါ်ဆောင်သွားပါသည်။ AAPP ၏ အချက်အလက်များအရ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ဖမ်းဆီးခံရသူ ၁၁၃၂ ဦးရှိပြီး, ၈၃၃ ဦးမှာ လက်ရှိအချိန်ထိ ဖမ်းဆီးခံရဆဲဖြစ်ပြီး လူ ၃၀ ခန့်သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။
Comments
Post a Comment