မတ် ၁၆၊ ၂၀၂၁ #Day44
တနိုင်ငံလုံး ပူဆွေးနေရပြီး အသတ်ခံရတဲ့သူတွေအတွက် အသုဘနှင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်များ နေရာအနှံ့မှာ ကျင်းပနေကြသည်။ ရန်ကုန်မြို့အနောက်ဘက်ခြမ်းတွင် မီးများဆက်လက်လောင်ကျွမ်းလျက်ရှိသည်။ တရုတ်စက်ရုံတွေကို မီးရှို့တာ အရပ်ဝတ်ဝတ်ထားတဲ့ စစ်သားနှင့်ရဲတွေဖြစ်ကြောင်း ဆန္ဒပြနေသူများက စွပ်စွဲလိုက်သည်။ အာဏာရှင်ဖီဆန်သူများ ဆက်အဖမ်းခံရသည်။ အခြေခံလူတန်းစားနှင့် ရွေ့ပြောင်းအခြေချသူများများပြားတဲ့ မာရှယ်လောကြေညာခံထားရတဲ့ လှိုင်သာယာမှ ပြည်သူများ အလုံးအရင်းနှင့် စွန့်ခွါထွက်ပြေးနေသည်။ သွေးမြေကျမှုများရှိနေသော်လည်း ဆန္ဒပြမှုများသည် နိုင်ငံအနှံ့တွင် နေ့ရောညပါ ဆက်လက်ဖြစ်ပေါ်နေသည်။
ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးက မြန်မာပြည်မှာဖြစ်ပျက်နေတာအပေါ် တုံလှုပ်ခြောက်ခြားမကြောင်း ပြောဆိုခဲ့တယ်။ သို့ပေမယ့် ထူးခြားတဲ့ တုံ့ပြန်မှုအစိအစဉ်တွေမရှိသေးဘူး။ မြန်မာအရပ်ဘက်အဖွဲ့အစည်း ၄၈၈ ဖွဲ့က စစ်အစိုးရကိုအရေးယူရန် တာဝန်ပျက်ကွက်မှုကြောင့် UN ကို ပစ်တင်ရှုတ်ချလိုက်ကြောင်း စာထုတ်လိုက်သည်။
CRPH က နိုင်ငံခြား ရေနံနှင်သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေဖြစ်တဲ့ etronas, PTTEP, Total, နှင့် POSCO တို့ကို စစ်အစိုးရကို အခွန်ဆက်မသွင်းကြဖို့ လုပ်ငန်းများရပ်ထားဖို့ သတိပေးလိုက်သည်။ တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့နေတဲ့ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းက လုပ်သားတွေ CDM ပြုလုပ်မယ်လို့ ကြေညာလိုက်သည်။ ပုဂ္ဂလိက သတင်းစာတွေ မကြာခင် ပုံနှိပ်ထုတ်ဝေမှု ရပ်တန့်ပီး အွန်လိုင်းကနေသာ ထုတ်လွှင့်မှုဘဲ လုပ်တော့မည်ဖြစ်သည်။
စစ်ကောင်စီနှင့် ပူးပေါင်းဖို့ မွန်ညီညွတ်ရေးပါတီက ဆုံးဖြတ်လိုက်သည်။ ပညာတတ်လူငယ်မွန်လူမျိုးအများအပြား၏ သဘောထားကို ဆန့်ကျင်ပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ငွေစာရင်းများနှင့် ငွေလွှဲပြောင်းမှုများအား စစ်အစိုးရက တောင်းခံကြောင်း စာထုတ်ပြန်လိုက်သည်။ အိန္ဒိယသို့ ထွက်ပြေးတိမ်းရှောင်သော ရဲတပ်ဖွဲ့ဝင် ၄၀၀ ခန့်ရှိပြီးဖြစ်ကြောင်း BBC က ဖော်ပြခဲ့သည်။

Comments
Post a Comment