မတ် ၂၇၊ ၂၀၂၁ #day55
ယနေ့သည် အသတ်ခံရမှုအများဆုံးနေ့တစ်နေ့ဖြစ်ပါသည်။ ညနေပိုင်းအထိ အသက် ၅ နှစ် အသက် ၁၂ နှစ်ရွယ်ကလေးသူငယ်များအပါအဝင် သေဆုံးသူ ၁၁၄ ဦးရှိပီဖြစ်ကြောင်း Myanmar Now က တင်ပြခဲ့သည်။ နေပြည်တော်တွင် စစ်အုပ်စုက တပ်မတော်နေ့အား ခမ်းခမ်းနားနားကျင်းသည့်အချိန်တွင် ၎င်း၏တပ်ဖွဲ့ဝင်များက မြို့ပေါင်း ၄၀ ကျော်၌ လူပေါင်း ၁၀၀ နီးပါးအား သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ မန္တလေးတစ်မြို့ထဲတွင်ပင် သေဆုံးသူ အယောက် ၄၀ ရှိပြီး ရန်ကုန်မြို့တွင် သေဆုံးသူ ၂၇ ဦးခန့်ရှိကြောင်းလည်းသိရသည်။ Irrawaddy News ဖော်ပြချက်အရ ယနေ့သေဆုံးသူများတွင် ကလေးငယ် ၅ ဦးအထိပါဝင်ကြောင်းလည်းသိရသည်။ အင်းစိန်မြို့ရှိ ပစ်ခတ်မှုကြောင့် သေဆုံးသူများထဲတွင် ဟံသာဝတီဘောလုံးအသင်း၏ U-21 အသင်းခေါင်းဆောင် နာမည်ကြီး လူငယ်ကစားသမား စစ်အုပ်စု၏ ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ပွဲတွင် ပြည်သူများအား ကာကွယ်စောင့်ရှောက်မည်ဖြစ်ကြောင်း ဒီမိုကရေစီရှင်သန်ရေးအတွက် ကြိုးပမ်းမည်ဖြစ်ကြောင်း ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သော်လည်း ၎င်း၏ လက်အောက်ခံတပ်ဖွဲ့များက လူပေါင်းများစွာအား သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။ ယနေ့ပွဲအား နိုင်ငံခြားအစိုးရများနှင့် ပြည်တွင်းရှိအဖွဲ့အစည်းများစွာက သပိတ်မှောက်ခဲ့ကြသဖြင့် စစ်အုပ်စုသည် တပ်မတော်နေ့အား အထီးကျန်စွာကျင်းပခဲ့ရသည်ကိုတွေ့ရသည်။ Nikkei Asia ၏ ဖော်ပြချက်အရ ရုရှား၊ တရုတ်၊ ဗီယက်နမ်၊ လာအို၊ အိန္ဒိယ၊ ထိုင်း၊ ပါကစ္စတန်၊ ဘဂလားဒေရှ့် နိုင်ငံ ၈ နိုင်ငံသည် ၎င်းတို့၏ ကိုယ်စားလှယ်များအား ယနေ့ပွဲသို့ စေလွှတ်ခဲ့သည်။ ကမ္ဘာ့နိုင်ငံအများအပြားက ရှုတ်ချသောယနေ့ပွဲအား မြန်မာနိုင်ငံ၏ အိမ်နီးချင်းအားလုံးက တက်ရောက်ခဲ့ခြင်းဖြစ်သည်။ စစ်အုပ်စုအား လက်နက်အများဆုံး ထောက်ပံ့နေသည့် ရုရှားနိုင်ငံကမူ ကာကွယ်ရေး ဒုဝန်ကြီးအား စေလွှတ်ခဲ့သည်။ လူအများအပြားသေဆုံးမှုအပေါ် နိုင်ငံတကာသံရုံးများ နိုင်ငံတကာအဖွဲ့ အစည်းပေါင်းများစွာက စစ်အုပ်စု၏လုပ်ရပ်အပေါ် အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း တုန့်ပြန်လိုက်သည်။ အမေရိကန် သံအမတ်ကြီးက လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် ၎င်းတို့ ကာကွယ်စောင့်ရှောက်ပါမည်ဟု သစ္စာဆိုထားသော ပြည်သူများအား သတ်ဖြတ်နေခြင်းသည် ပရောဖက်ရှင်နယ်ပီသသော တပ်ဖွဲ့များ၏ လုပ်ရပ်မဟုတ်ကြောင်း စာထုတ်ပြန်လိုက်သည်။ ဥရောပသမဂ္ဂမှ ယနေ့ တပ်မတော်နေ့အား သေဆုံးမှုများကြောင့် ဂုဏ်ကျက်သရေ မရှိသောနေ့အဖြစ်ဖော်ပြလိုက်သည်။ CRPH ကိုယ်စားလှယ် Dr. Sasa က ယနေ့သည် စစ်အုပ်စုအတွက် အင်မတန် ရှက်ဖွယ်ကောင်းသောနေ့ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ကရင်ပြည်နယ် မူတြော် (ဖာပွန်) ခရိုင် ထိုင်းနိုင်ငံနယ်စပ်အနီးတွင်တည်ရှိသော စစ်အုပ်စု၏ သီးမူထာတပ်စခန်းတစ်ခုအား KNU တပ်မဟာ ၅ တပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်လိုက်သည်။ KNU သတင်းနှင့် ပြန်ကြားရေးစာမျက်နှာတွင် ရေးသားချက်အရ အဆိုပါနေရာတွင် ခြေမြန်တပ်ရင်း ၃၄၉ တပ်စွဲနေခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် အဆိုပါ ၄၅ မိနစ်ကြာ တိုက်ပွဲတွင် ဒုတပ်ရင်းမှူးအပါအဝင် စစ်သားအလောင်း ၁၀ ဦးနှင့် စစ်သုံ့ပန်း ၈ ဦးရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ၎င်းတို့သည် ဆန္ဒပြသူများ CRPH တို့နှင့် ရပ်တည်ကြောင်းနှင့် စစ်အရှိန်အား ထပ်မံတိုးမြှင့်သွားမည် ဖြစ်ကြောင်း သတိပေးလိုက်သည်။ ယခင်အာဏာမသိမ်းခင်ကလည်း အဆိုပါတပ်မဟာ ၅ သည် ဖာပွန်ဒေသတွင် စစ်တပ်မှ လမ်းဖောက်ရန်ကြိုးပမ်းမှုများကြောင့် စစ်တပ်နှင့် မကြာခဏ စစ်ရေးထိတွေ့မှုများ ဖြစ်ခဲ့ဘူးသည်။ သံလွင်မြစ်ကမ်း နံဘေးတွင်တည်ရှိသော ဖာပွန်ဒေသသည် စစ်ရေးအရအချက်အခြာကျသော ဒေသတစ်ခုဖြစ်ပြီး ယခင် KNU ဌာနချုပ်တည်ရှိခဲ့ရာ ဒေသလည်းဖြစ်သည်။ လွန်ခဲ့သည့် နာရီအပိုင်းအတွင်းရရှိသောသတင်းများအရ စစ်အုပ်စုက KNU တပ်မဟာ ၅ ၏ ဌာနချုပ်တည်ရှိရာ ဒေဘိုးနိုရွာအား ယနေ့ ညနေ ၈ နာရီခန့်တွင် တိုက်လေယာဥ်များဖြင့် ဗုံးကျဲတိုက်ခိုက်နေကြောင်း သိရသည်။ ဒေသခံ မိသားစု ၅၀ ခန့် ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးတိမ်းရှောင်နေကြောင်းလည်း သိရသည်။ အဆိုပါအချိန်တွင် စစ်ခေါင်းဆောင်များသည် တပ်မတော်နေ့အထိမ်းအမှတ် ညစာစားပွဲအား ကျင်းပနေကြောင့် နိုင်ငံပိုင်သတင်းမီဒီယာက ထုတ်လွှင့်ခဲ့သည်။
အလွတ်တမ်းသတင်းထောက်တစ်ဦးနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ရှမ်းပြည်ရှိ NCA စာချုပ်ရေးထိုးထားသော RCSS/SSA တပ်ဖွဲ့၏ ဥက္ကဌ ဗိုလ်ချုပ်ကြီးရွက်ဆစ်ကလည်း ၎င်းတို့အနေဖြင့် ပြည်သူများအား စစ်အုပ်စုမှ သတ်ဖြတ်နေခြင်းအား လက်ပိုက်ကြည့်နေမည်မဟုတ်ကြောင်း စစ်အုပ်စု၏ ခေါင်းဆောင်များက ဆက်သွယ်ပြောဆိုရန်ကြိုးပမ်းမှုအား ၎င်းက ငြင်းဆန်ခဲ့ကြောင်း ပြောဆိုခဲ့သည်။ စစ်တပ်အား အကြမ်းဖက်အဖွဲ့အဖြစ် ၎င်းကသုံးနှုန်းခဲ့ပြီး မြန်မာစစ်တပ်သည် NCA စာချုပ်အား ပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်ပြီး ယုံကြည်မှုများအားလုံးကို ဖျက်ဆီးခဲ့သည်ဟု ပြောဆိုလိုက်သည်။ ၎င်းတို့အနေဖြင့် CRPH အား တရားဝင်အသိအမှတ်မပြုသေးကြောင်း CRPH အနေဖြင့် ပိုမိုရှင်းလင်းသော မူဝါဒများကို ချပြဖို့လိုကြောင်းနှင့် ဖက်ဒရယ်အခြေခံဥပဒေရေးဆွဲရာတွင် အဖွဲ့များအားလုံးနှင့် တိုင်ပင်ဖို့ လိုအပ်ကြောင်း ထောက်ပြခဲ့သည်။ ယမန်နေ့ကလည်း KNU ၏ ဥက္ကဌဖြစ်သည့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကလည်း စစ်အုပ်စု၏ တွေ့ဆုံရန် ဖိတ်ကြားမှုကို ငြင်းဆန်ကြောင်းနှင့် စစ်တပ်အနေဖြင့် နိုင်ငံရေးမှ စွန့်ခွာမှသာ တွေ့ဆုံမည်ဖြစ်ကြောင့် အိတ်ဖွင့်ပေးစာ ထုတ်ပြန်ခဲ့သည်။ ၎င်းတို့နှစ်ဖွဲ့လုံးသည် NCA ဖြစ်စဥ်ကို အခြေခံသော ငြိမ်းချမ်းရေးဖြစ်စဥ်အား ဦးဆောင်နေသော အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည်။
ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၏ ယဥ်ကျေးမှုစင်တာတစ်ခုဖြစ်သော အမေရိကန်စင်တာအား ယနေ့ နေ့လည် ၂း၂၆ ခန့်တွင် သေနတ်ဖြင့် လေးချက်အပစ်ခံခဲ့ရကြောင်း သိရသည်။ အမေရိကန်သံရုံးမှ ထိခိုက်သူမရှိကြောင်းနှင့် အဆိုပါဖြစ်စဥ်အား စုံစမ်းနေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ Mizzima သတင်းဖော်ပြချက်အရ စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယမန်နေ့က ရန်ကုန်မြို့လှည်းတန်းစျေးအနီး ကိုညီညီအောင်ကျဆုံးခဲ့သော နေရာတွင် အမေရိကန် သံအမတ် Thomas L. Vajda က သေဆုံးခဲ့သူများအားလုံးအတွက်ရည်စူး၍ လွမ်းသူ့ပန်းခွေချခဲ့ပြီးနောက် ယနေ့ပစ်ခတ်မှုဖြစ်ခဲ့ခြင်းဖြစ်သည်။ လူမှုကွန်ယက်အသုံးပြုသူများက ဆန္ဒပြသူများအား ပွင့်ပွင့်လင်းလင်းထောက်ခံနေသော အမေရိကန်အား စစ်အုပ်စုက ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ ပစ်ခတ်မှုကြောင့် အမေရိကန်အနေဖြင့် စစ်ရေးအရ ပြန်လည်လက်တုံ့ပြန်တော့မည်ဖြစ်ကြောင်း ပြောဆိုနေကြပါသည်။ ယနေ့နေ့လည်တွင် စစ်တပ်၏ အကြီးဆုံးလေတပ်ရှိရာ မိတ္ထီလာမြို့တွင် ဥဩဆွဲသံများကြားရကြောင်းနှင့် အမေရိကန်လေယဉ်တင် သင်္ဘောပေါ်က လေယာဉ်များ မြန်မာလေပိုင်နက်ထဲ ပျံသန်းနေခြင်းကြောင့် ဖြစ်ကြောင်း ကောလဟာလများပြန့်နှံ့ခဲ့ပါသည်။ အချို့လူမှုကွန်ယက်အသုံးပြုသူများက အဆိုပါဥသြဆွဲခြင်းသည် တပ်မတော်နေ့အား ဂုဏ်ပြုသည့်အနေဖြင့် ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း တုံ့ပြန်ရေးသားကြပါသည်။

Comments
Post a Comment