ဧပြီ ၂၂၊ ၂၀၂၁ #day81
ကိုဗစ်ကြောင့် အထိနာခဲ့သော မြန်မာ့စီးပွားရေးသည် အာဏာသိမ်းမှုကြောင့်ပိုမိုဆိုးရွားလာခဲ့သည်။ နိုင်ငံ့ စီးပွားရေး တဖြည်းဖြည်းယိုယွင်းလာသောကြောင့် လာမည့် ၆ လအတွင်း မြန်မာပြည်သူပေါင်း ၃.၄ သန်းခန့် စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့ရတော့မည်ဖြစ်ပြီး လူနေထူထပ်တဲ့ မြို့ပြဧရိယာကအခြေအနေပိုဆိုးနိုင်ကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဥ်က သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ လူအများအပြား အလုပ်လက်မဲ့ ဖြစ်လာတာကြောင့် အစားအသောက်ဝယ်ယူနိုင်ဖို့ အခက်အခဲဖြစ်လာကြကြောင်း WFP မြန်မာရုံးရဲ့ ဒါရိုက်တာ Stephen Anderson က ပြောသည်။ ရန်ကုန်မြို့တွင်ပင် နပ်မှန်အောင်မစားနိုင်မှုများ အဟာရပြည့်ဝအောင် မစားနိုင်မှုများနှင့် အစားအသောက်အတွက် အကြွေးပိနေမှုများ ဖြစ်လာကြောင်းသိရသည်။ အဆိုပါအစီရင်ခံ စာအရ မြန်မာလူမျိုးများ၏ အခြေခံစားသောက်ကုန်ဖြစ်သော ဆန်စျေးနှုန်းသည် ဇန်နဝါရီလထက်စာလျင် ပျမ်းမျှအားဖြင့် ၅ ရာခိုင်နှုန်း စျေးတက်လာကြောင်း ဟင်းချက်ဆီသည် ၁၈ ရာခိုင်နှုန်းတက်လာပြီး ကချင်၊ ချင်း၊ နှင့် ရခိုင်ပြည်နယ်တို့တွင် ကုန်စျေးနှုန်းအတက်ဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။ ကချင်ပြည်နယ်တွင် ဆန်စျေးနှုန်း ၄၃ ရာခိုင်နှုန်း ဆီစျေးနှုန်း ၃၂ ရာခိုင်နှုန်းအထိတက်ခဲ့ပြီး စက်ဆီများသည် တနိုင်ငံလုံး အတိုင်းအတာဖြင့် ၃၀ ရာခိုင်နှုန်းခန့်တက်ခဲ့သည်။ ၎င်းက ပမာဏကြီးမားသည့် ကပ်ဆိုးကြီးတစ်ခု ဖြစ်လာခြင်းမှကာကွယ်ရန်အတွက် နိုင်ငံတကာအသိုင်းအဝန်းမှ မြန်မာပြည်သူများအားရပ်တည်ပေးရန် တောင်းဆိုလိုက်သည်။ ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေးသည် ယခုနှစအတွင်း ၁၀ ရာခိုင်နှုန်း ကျနိုင်ကြောင်းခန့်မှန်းထားပြီး Fitch Solution က မူ ၂၀ ရာခိုင်နှုန်းကျနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ငွေတန်ဖိုးအလွန်အမင်းဖောင်းပွလာမှုများကြောင့် ဇင်ဘာဘွေ ဘိုလစ်ဗီးရားနိုင်ငံများကဲ့သို့ ဆင်းရဲမွဲတွေမှုများ ဖြစ်လာပြီး ငွေကြေးပျက်သုံးမှုဖြစ်လာနိုင်ကြောင်း Financial Times က ဖော်ပြထားပါသည်။
လာမည့် ၂၄ ရက်နေ့ မြန်မာနိုင်ငံဆိုင်ရာ အာစီယံထိပ်သီးအစည်းအဝေးပွဲသို့တက်ရောက်မည့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သောရာဇဝတ်မှုအတွက် နိုင်ငံတကာဥပဒေများနှင့်အညီ ဖမ်းဆီးရန် NUG အစိုးရက နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုအဖွဲ့အား တောင်းဆိုစာပေးပို့လိုက်သည်။ လက်တွေ့ဖြစ်လာနိုင်ခြေနည်းသော်လည်း ၎င်း၏ ပုံရိပ်ကိုထိခိုက်စေမည့် ကြိုးပမ်းမှုဖြစ်သည်။ အဆိုပါအစည်းအဝေးအား ထိုင်းဝန်ကြီးချုပ်က တက်မည်မဟုတ်ကြောင်း ပြောဆိုပီးသည့်နောက် ဖိလစ်ပိုင်သမ္မတကလည်း တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။ ၎င်းတို့သည် မြန်မာပြည်အရေးအား ဝင်ရောက်စွက်ဖက်လိုခြင်းမရှိဘဲ အာဏာသိမ်းစစ်တပ်နှင့် ဆက်ဆံရေးပျက်စီးမည်ကို စိုးရိမ်ခြင်းဖြစ်ကြောင်း လူမှုကွန်ယက်တွင် ဝေဖန်နေကြပါသည်။ အစည်းအဝေးကျင်းပမည့် ဂျာကာတာရှိ အာစီယံအတွင်းဝန်များရုံးအနီးတွင် အင်ဒိုနီးရှားရှိ လူမှုအဖွဲ့အစည်းများ တက်ကြွလှုပ်ရှားသူများက ဦးဆောင်၍ ဆန္ဒပြမည်ဖြစ်ကြောင်း အွန်လိုင်းတွင်လှုံ့ဆော်နေကြပါသည်။ အာစီယံအရပ်ဖက် အဖွဲ့အစည်းများက ဦးဆောင်ကျင်းပသည့် အာစီယံပြည်သူများ အွန်လိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် NUG ၏ အမျိုးသမီးလူငယ်ကလေးရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး နော်ဆူစန်နာလှလှစိုးက လွန်ခဲ့သည့် NLD အစိုးရကာလအတွင်း တိုင်းရင်းသားဒေသများရှိ အကြမ်းဖက်ဆိုးရွားမှုများနှင့် ရိုဟင်ဂျာအသိုင်းအဝန်း ကြုံတွေ့ခဲ့ရသည့်အရာများအတွက် ရပ်တည်ပြောဆိုမှု မလုပ်ခဲ့သဖြင့် နောင်တရကြောင်း တောင်းပန်ကြောင်း ပြောဆိုခဲ့သည်။ သူမသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က NLD ပါတီမှနေ၍ ရွေးကောက်ခံခဲ့ရသော ကရင်လူမျိုး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ လူမှုကွန်ယက်အသုံးပြုသူအချို့က ၎င်းတို့လည်း ထုတ်ဖော်ပြောဆိုမှု မလုပ်ခဲ့သဖြင့် တောင်းပန်ကြောင်း မှတ်ချက်ရေးသားကြသည်ကိုတွေ့ရသည်။ အချို့သောသူများက NUG အတွင်းရှိ အခြားသောဝန်ကြီးများနှင့် NLD ပါတီကိုယ်တိုင် တောင်းပန်ရန်လိုအပ်ကြောင်း တောင်းဆိုသည် ကိုတွေ့ရသည်။
ရန်ကင်းမြို့ဗုံးပေါက်မှုနှင့် ဆက်စပ်၍ ဧပြီလ ၁၈ ရက်နေ့ညက ဖမ်းဆီးခံခဲ့ရသော အသက် ၃၁ နှစ်အရွယ် ခင်ငြိမ်းသူဆိုသည့် အမျိုးသမီးအား စစ်ကြောရေးတွင် အကြမ်းဖက်နှိပ်စက်မှုများအပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများပြုလုပ်ခဲ့ကြောင်း သူမနှင့်အတူထောင်ကျခဲ့သည့်သူတစ်ဦးက RFA ကို ပြောဆိုပါသည်။ ခင်ငြိမ်းသူသည် သူမ၏ရည်းစားသည် နိုင်ဂျီရီးယားနိုင်ငံခြားသားဖြစ်သဖြင့် ရဲတပ်ဖွဲ့ဝင်များက နိုင်ငံခြားသား နှင့်ကြိုက်ခြင်းကြောင့် ဆဲဆိုခြင်းနှင့် ရိုက်နှက်ခြင်းတို့ပိုပြုလုပ်ကြောင်း သူမက ပြောဆိုခဲ့သည်။ ထုတ်ဖော်ပြောဆိုခဲ့သည့် အမျိုးသမီးငယ်သည် အသက် ၁၇ နှစ်သာရှိသေးသဖြင့် လွတ်လာခြင်းဖြစ်ပြီး ၎င်းသည်အဆိုပါအကြောင်းအရာအား လူမှုကွန်ယက်တွင် ယမန်နေ့က စတင်ရေးသားခဲ့သဖြင့် အဆိုပါညှင်းပန်း နှိပ်စက်မှုများအား လူအများသိရှိလာခြင်းဖြစ်သည်။ ထို့အပြင် ရွှေပြည်သာစစ်ကြောရေးတွင် ဖမ်းဆီးခံရသော ယောင်္ကျားလေးအများအပြားလည်း လမ်းမလျောက်နိုင်သည်အထိ ညှင်းပန်းနှိပ်စက်ခံခဲ့သည်ကို သူမမြင်တွေ့ခဲ့ရကြောင်းပြောဆိုခဲ့သည်။
ကချင်ပြည်နယ်အဝန်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်တွင် KIA က စစ်အုပ်စု၏ စခန်းကြီး စခန်းသေးပေါင်း ၁၀ ခုထက်မနည်း သိမ်းယူနိုင်ခဲ့ကြောင်း Myanmar Now ကဖော်ပြထားသည်။ မိုးမောက်မြို့နယ်ရှိ မဟာဗျူဟာ ကျသော အလော့ဘွမ်တောင်တပ်စခန်းအပါအဝင် ရဲကင်းများ စစ်တပ်စခန်းများစွာလည်း ပါဝင်ကြောင်း သိရသည်။ ယခင်ကလည်း စစ်အုပ်စုဘက်က တပ်ရင်းမှူးအပါအဝင် သေဆုံးမှုများများပြားကြောင်း ဖာကန့်မြို့နယ်တွင် စစ်သား ၃၀ ခန့် KIA ထဲတွင် လက်နက်ချခဲ့ကြောင်း သတင်းများလည်းထွက်နေပါသည်။ စစ်အုပ်စု၏ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး သထုံမြို့နယ်တွင် အခြေစိုက်သော KNU တပ်မဟာ ၁ သို့ မတ်လ ၉ ရက်နေ့က ထွက်ပြေးလာကြောင်း Karen Information Center က ဖော်ပြခဲ့သည်။ ဗိုလ်မှူးညွန့်နိုင် အသက် ၃၆နှစ်သည် စစ်တက္ကသိုလ် အပတ်စဥ် ၄၈ ကျောင်းဆင်းတစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ်မင်းပြားမြို့နယ်ရှိ ခြေမြန်တပ်ရင် ၃၇၉ တွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်းသိရသည်။ တပ်မဟာ ၁ တွင် CDM ပြုလုပ်ပြီး လာရောက် ခိုလှုံသူ ၃၀၀ ဦးခန့်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

Comments
Post a Comment