မေ ၁၆-၁၇၊ ၂၀၂၁ #day105 #day106
ချင်းပြည်နယ် မင်းတပ်တိုက်ပွဲတွင် CDF အဖွဲ့ဝင် ၉ ဦးအထိ ကျဆုံးခဲ့သည်ဟု CDF-Mindat က ပြောဆိုခဲ့ကြောင်း Zalen မီဒီယာက ဖော်ပြထားပါသည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့်ပစ်ခတ်မှု သာလွန်အင်အားအသုံးပြု၍ ကုန်းကြောင်းလေကြောင်းမှ တိုက်ခိုက်မှုများကြောင့် လူ ၅ သောင်းဝန်းကျင်သာ ရှိသော မင်းတပ်မြို့တွင် CDF အဖွဲ့ဝင်များအပြင် ပြည်သူများလည်း ထိခိုက်မှုများရှိကြောင်းသိရသည်။ အသက် ၁၀ အရွယ်ကလေးငယ်တစ်ဦးလည်း လက်ပင်းတွင် သေနတ်ကျည်ထိမှန်ခဲ့သဖြင့် အခြေအနေစိုးရိမ်ရကြောင်း Chin World မီဒီယာကဖော်ပြထားသည်။ ၈ တန်းအရွယ်အမျိုးသမီးငယ်အား စစ်သားများက မုဒိမ်းကျင့်ခဲ့သည်ဆိုသော သတင်းမှာ မှန်ကန်မှုမရှိဟု ဒေသခံများက ပြောဆိုကြောင်း Chin World က ဖော်ပြထားသည်။ NUG အနေဖြင့် အဆိုပါဖြစ်ရပ်မှာ မှန်ကန်ကြောင်း အထောက်အထားများရရှိထားကြောင်း မေလ ၁၆ ရက်နေ့က စာထုတ်ပြန်ခဲ့သည်။ လူမှုကွန်ယက်တွင်မူ ပစ်ခတ်မှုများပြင်းထန်ခဲ့သည့် မေလ ၁၅ ရက်နေ့က အမျိုးသမီး ၉ ဦးအထိ မုဒိန်းကျင့်ခံရခြင်းဖြစ်ကြောင်း သတင်းများပြန့်နှံ့လာခဲ့ခြင်းဖြစ်သည်။ မြို့ခံ ၉၀ ရာခိုင်နှုန်းခန့် တောထဲတောင်ထဲတွင် အကာအကွယ်မဲ့ တိမ်းရှောင်ထွက်ပြေးနေကြရဖြင့် အရေးပေါ်စစ်ဘေးရှောင်စခန်း အမြန်ဖွင့်ပေးဖို့လိုအပ်ကြောင့် မင်းတပ်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပြီး မကြာခင် အစာရေစာငတ်ပြတ်မှုများနှင့် ကျန်းမာရေးပြဿနာများကြုံတွေ့လာတော့မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။
မင်းတပ်ရှိပစ်ခတ်မှုများအား လက်စားချေသည့်အနေဖြင့် မေလ ၁၆ ရက်နေ့ညတွင် ဟားခါး-ဖလမ်းပေါ်ရှိ ချွန်ကျုံးကျေးရွာအနီးတွင် စစ်ကောင်စီတပ်များအား CDF-Hakha အနေဖြင့် တိုက်ခိုက်ခဲ့ကြောင်း Chinland Defense Force က ၎င်းတို့၏ လူမှုကွန်ယက်တွင် ဖော်ပြထားသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးခဲ့ပြီး CDF ဘက်မှ Salai Van Biak Ling ကျဆုံးခဲ့ကြောင်း သိရသည်။ ထို့အပြင် ချင်းပြည်နယ်မြောက်ပိုင်းရှိ တီးတိန်မြို့တွင်လည်း စစ်ကောင်စီတပ်များနှင့် ဒေသခံတစ်ချို့ မေလ ၁၆ ရက်နေ့ညတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။ လမ်းသွားလမ်းလာတစ်ဦးနှင့် ကလေးငယ်တစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံတစ်ဦးက Irrawaddy ကိုပြောဆိုခဲ့ပြီး အာဏာသိမ်းပြီးနောက် တီးတိန်တွင် ပစ်သတ်ခံရသူ ၄ ဦးအထိရှိပြီဖြစ်သည်။ စစ်တပ်၏ မင်းတပ်မြို့အကြမ်းဖက်မှုများအား ပြင်းထန်စွာကန့်ကွက်ရှုံ့ချကြောင်း ချင်းလက်နက်ကိုင် Chin National Front က စာထုတ်ပြန်ခဲ့ပြီး ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက CNF အနေဖြင့် မင်းတပ်ပြည်သူများနှင့်အတူရပ်တည်မည်ဖြစ်ပြီး မိမိကိုယ်ကိုခုခံကာကွယ်ခွင့်အတွက် စစ်ကောင်စီကို စစ်ရေးအရဖြစ်ဖြစ် နိုင်ငံရေးအရဖြစ်ဖြစ် တုံ့ပြန်သွားမည်ဟု Myanmar Now ကို ပြောဆိုခဲ့သည်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ပြုလုပ်မည့် အစည်းအဝေးအား ၁၉၈၈ လူထုတော်လှန်ရေး တက်ကြွလှုပ်ရှားသူအများအပြားဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ပါတီ (People’s Party) က တက်ရောက်မည်ဖြစ်ကြောင်း သတင်းထွက်လာပြီးနောက် လူမှုကွန်ယက်တွင် အပြင်းအထန်ဝေဖန်ခံနေရပါသည်။ အဆိုပါပါတီ၏ မန္တလေးတိုင်းဥက္ကဌနှင့် အတွေးရေးမှူးများအပါအဝင် ပါတီဝင်အများအပြားနှုတ်ထွက်ခဲ့ကြောင်း DVB က ဖော်ပြထားသည်။ ၎င်းပါတီ၏ ခေါင်းဆောင်သည် ၈၈ ၏ နာမည်ကျော် နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးကိုကိုကြီးဖြစ်ပြီး ၎င်း၏ ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် နေရာတစ်နေရာမှ အနိုင်ရရှိခြင်းမရှိသလို ၎င်းကိုယ်တိုင် NLD ပါတီကိုယ်စားလှယ်အား ယှဥ်ပြိုင်ရှုံးနိမ့်ခဲ့သူဖြစ်သည်။
အမေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ၆၉ ကြိမ်မြောက် Miss Universe ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု Miss Universe Myanmar 2020 အလှမယ် သူဇာဝင့်လွင်သည် National Costume Competition (အမျိုးသားဝတ်စုံ ပြိုင်ပွဲ) တွင် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ သူမ၏ ခရီးဆောင်အိတ် လေဆိပ်တွင် ကျခဲ့သဖြင့် မူလစီစဥ်ထားသော အဝတ်အစားအစား အမေရိကန်ရောက် ချင်းလူမျိုးများ၏ အကူအညီဖြင့် ချင်းရိုးရာဝတ်စုံဖြင့် ယှဥ်ပြိုင်ခဲ့ပြီးနောက် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာ့အရေးအား ကမ္ဘာ့စင်မြှင့်ထက်တွင် လူအများပြန်လည်စိတ်ဝင်စားလာစေရန် ရဲဝံ့စွာလုပ်ဆောင်ခဲ့သော သူမအား လူမှုကွန်ယက်အသုံးပြုသူများက ချီးကျူးထောပနာပြုနေကြပါသည်။
ရွှေစျေးနှုန်းများ ကျဆင်းလာစေရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေးဌာနက ဦးဆောင်ပြီးလုပ်ဆောင်နေကြောင်း DVB က ဖော်ပြထားသည်။ အဆိုပါဌာနသည် ယခင်စစ်အစိုးရလက်ထက်ကာလတွင် ရွှေနှင့် ဒေါ်လာရောင်းဝယ်သူများအား ဖမ်းဆီးခြင်းဖြင့် စျေးနှုန်းများကျစေရန် လုပ်ဆောင်ခဲ့ဘူးသည်။ အာဏာသိမ်းပြီးနောက် နိုင်ငံရေးနှင့် စီးပွားရေးမတည်ငြိမ်မှုများကြောင့် မြန်မာ့ကျပ်ငွေတန်ဖိုးများ ကျဆင်းလာလျက်ရှိပြီး ယခုတစ်ပတ်တွင် ၁ ဒေါ်လာလျင် ကျပ် ၁၇၃၀ အထိပေါက်စျေးရှိနေပါသည်။
ဒေသခံများဖြင့်ဖွဲ့စည်းထားသည့် ပဲခူးမြို့ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ၎င်းတို့၏ ကနဦးပစ်မှတ်စာရင်းမှာ စစ်ကောင်စီတပ်များကို သတင်းပေးနေသူများ ဖြစ်ကြောင်း Myanmar Now ကို ပြောဆိုခဲ့သည်။ အဆိုပါ ဒလန်များကြောင့် အရပ်သားများ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခံရခြင်းနှင့် အသုံးအဆောင်ပစ္စည်းများ လုယူသိမ်းဆည်းခံရခြင်းများ ဖြစ်ပေါ်နေသဖြင့် ဟန့်တား အရေးယူရန်လိုကြောင်း PDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။ စစ်ကောင်စီတပ်များ၏ ဧပြီ ၉ မှ ၁၁ သုံးရက်ကြာ ပစ်ခတ်အကြမ်းဖက်မှုများကြောင်း ပဲခူးမြို့တွင် အရပ်သား ၈၅ ဦးခန့် သေဆုံးခဲ့သည်။ မြန်မာပြည်အနှံ့တွင် စစ်ကောင်စီအဖွဲ့၏ ရုံးအများပြားနှင့် အားပေးထောက်ခံသူများ၏ နေအိမ်အနီးတဝိုက်တွင် ဗုံးများနေ့စဥ်ရက်ဆက်ပေါက်ကွဲမှုများဖြစ်ပွားနေသည်။
ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း လှုပ်ရှားနေသည့် ရဝမ်ပြည်သူ့စစ်အဖွဲ့က နောင်မွန်မြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်တို့တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့က တိုက်ခိုက်လာနိုင်သဖြင့် တုံ့ပြန်ဖို့ပြင်ဆင်ထားကြရန် ဒေသခံများကို လိုက်လံတိုက်တွန်းနေကြောင်း Irrawaddy က ဖော်ပြထားသည်။ အခြေခံစစ်ပညာများတက်ရောက်ကြရန် အဆိုပါ စစ်ကောင်စီ၏ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က တရွာဝင် တရွာထွက် လိုက်လံစည်းရုံးနေခြင်းဖြစ်သည်။ ကရင်လူမျိုးအများစုနေထိုင်သော ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်တွင် ဒေသခံ ၁၅၀၀ ခန့်ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းလိုက်သည်ဟု မေလ ၁၆ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း DVB က ဖော်ပြထားသည်။

Comments
Post a Comment