၁၂-၁၃ ဇူလိုင်၊ ၂၀၂၁

 

ရန်ကုန်မြို့အခြေစိုက် လူမှုကူညီရေးအဖွဲ့သုံးဖွဲ့၏ ပြောဆိုချက်အရ ကိုဗစ်ကူးဆက်မှုကြောင့် တစ်နေ့လျင်သေဆုံးသူ ၆၀၀ ဝန်းကျင်ရှိနေပြီဖြစ်ပြီး ၎င်းတို့အနေဖြင့် အလောင်းများအား မြို့အတွင်းရှိ သုဿန်လေးခုသို့ နေ့စဉ်ပို့ဆောင်သင်္ဂြိုဟ်ပေးနေရသည်မှာ တစ်ပတ်ကျော်ရှိလာပီဖြစ်ပြီဖြစ်သဖြင့် လုပ်ငန်းများ မနိုင်မနင်း ဖြစ်နေပြီးဖြစ်ကြောင်း Myanmar Now က ဖော်ပြထားသည်။ ကူးဆက်ခံရသူ အလွန်အမင်းများပြားသဖြင့် ဆေးရုံများက ရောဂါပိုးရှိသူများအား လက်မခံပေးတော့ကြောင်း Irrawaddy က ဖော်ပြထားသည်။ ထို့အပြင် စျေးကွက်အတွင်းတွင် ဆေးဝါးများပြတ်တောက်နေပြီး အောင်ဆီဂျင်တိုင်းတာသော ပစ္စည်းများနှင့် အောက်ဆီဂျင်အိုးများသည်လည်း အဆမတန်စျေးတက်သွားပြီဖြစ်ကြောင်းသိရသည်။ ၄၀ လီတာဆန့်သော အောက်ဆီဂျင်အိုးများအား ၃ သိန်းဝန်းကျင်ဖြင့် ဝယ်ယူနေကြပြီး အချို့နေရာများတွင် ၅ သိန်းမှ ၈ သိန်းအထိပင်ပေါက်စျေးရှိနေပြီဖြစ်ကြောင်း လူမှုကွန်ယက်တွင် ရေးသားနေကြပါသည်။

အောက်ဆီဂျင်ထုတ်လုပ်မှုနှင့် သက်ဆိုင်သော ပစ္စည်းများအား နိုင်ငံခြားမှတင်သွင်းခြင်းအား ပိတ်ပင်ထားမှုမရှိကြောင်း စစ်ကောင်စီက ကြေညာခဲ့သော်လည်းဘဲ ပြည်တွင်းရှိ အောက်ဆီဂျင်ထုတ်လုပ်သောစက်ရုံများအား ၎င်းတို့အနေဖြင့် ပိတ်ပင်ထားကြောင်း စစ်ကောင်စီ၏ ဇူလိုင်လ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဝန်ခံခဲ့သည်။ ပြည်သူများအနေဖြင့် အောင်ဆီဂျင်များအား မလိုအပ်ဘဲ အလုအယက်ဝယ်ယူမှုများပြုလုပ်နေခြင်း အွန်လိုင်းတွင် လိမ်ညာမှုများပြုလုပ်နေကြခြင်းကြောင့် စက်ရုံများအား ထိန်းချုပ်ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်းပြောဆိုခဲ့သည်။ အဆိုပါပြောဆိုမှုသည် လူမှုကွန်ယက်တွင် အပြင်းအထန်ဝေဖန်နေကြသည်။ 


ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက အဂတိလိုက်စားမှု အမှု ၄ ခု ထပ်တိုးပြီး တရားစွဲဆိုလိုက်ကြောင်း သူမ၏ ရှေ့နေ့အဖွဲ့က ဇူလိုင် ၁၂ ရက်နေ့ ရုံးချိန်းအပြီးတွင် ပြည်တွင်းမီဒီယာများအား ပြောဆိုခဲ့သည်။ သူမသည် အမှုစုစုပေါင်း ၁၀ ခုဖြင့် တရားစွဲဆိုခံထားရပြီဖြစ်သည်။

ဒေသခံ PDF နှင့် စစ်ကောင်စီတပ်တို့ အပြင်းအထန်တိုက်ပွဲများဖြစ်ပွားခဲ့သော စစ်ကိုင်းတိုင်း ကနီမြိုနယ်ရှိ ယင်းရွာနှင့် ကုန်းသာရွာအနီး တောထဲတစ်နေရာတွင် လက်ပြန်ကြိုးတုတ်ပြီး ညှင်းပန်းနှိပ်စက်ခံရပြီး အစုအလိုက်အပြုံလိုက် အသတ်ခံထားရသော ရုပ်အလောင်း ၁၄ ခုကို ဇူလိုင်လ ၁၂ ရက်နေ့က တွေ့ရှိခဲ့ကြောင်း ကနီဒေသခံများက RFA ကိုပြောဆိုခဲ့သည်။ ဒေသခံအချို့၏ ပြောဆိုချက်အရ ဇူလိုင်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသော ဒေသခံ ၆၀ ခန့်ရှိကြောင်းသိရသည်။

KNPP လက်အောက်ရှိ Karenni Army နှင့် စစ်ကောင်စီတပ်တို့ ဇူလိုင်လ ၁၃ ရက်နေ့က ကယားပြည်နယ်(ကရင်နီ)၊ လွိုင်ကော်မြို့အရှေ့မြောက်ဖက်တွင် တိုက်ပွဲ ၅ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၄ ဦး သေဆုံးခဲ့ကြောင်း Khit Thit Media က ဖော်ပြထားသည်။ သျှမ်းတပ် (၂) တပ် RCSS/SSA နှင့် SSPP/SSA တို့ အကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် စစ်ရှောင် (၃၀၀၀) ကျော်ခန့်ရှိနေပြီဖြစ်ကြောင်း SHAN News က ဖော်ပြထားသည်။ ဇွန်လ (၁) ရက်မှစ၍ သျှမ်းတောင် ကျေးသီးမြို့နယ်တွင် အဆိုပါနှစ်ဖွဲ့ မြေအငြင်းပွားမှုကြောင့် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

Comments

Popular Posts