၂၄-၃၀ ဒီဇင်ဘာ၊ ၂၀၂၁

 

ဒီဇင်ဘာလ ၂၄ ရက်နေ့က စစ်ကောင်စီ၏ အမှတ် (၆၆) ခြေမြန်တပ်မ လက်အောက်ရှိ ခမရ (၁၀၈) တပ်ရင်းသည် ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးတွင် ကလေး ၄ ယောက်နှင့် Save the Children မှ ဝန်ထမ်းနှစ်ယောက် အပါအဝင် လူ ၃၅ ယောက်ထက်မနည်းအား ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး မီးရှို့ခဲ့ကြောင်း ပြည်တွင်းသတင်းဌာနများက ဖော်ပြထားသည်။ ဖမ်းဆီးခံထားရေသာ အဆိုပါပြည်သူများ လွတ်မြောက်နိုင်ရေးအတွက် သွားရောက်ညှိနှိုင်းခဲ့သော နယ်ခြားစောင့်တပ် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) မှ တပ်သား ၄ ဦးကိုလည်း လက်ပြန်ကြိုးထုတ်၍ ပစ်သတ်ခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်ရပ်အား ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် ပြည်တွင်းပြည်ပအဖွဲ့အစည်းများစွာက ကန့်ကွက်ရှုတ်ချလိုက်ပြီး ကျူးလွန်သူများအား အရေးယူရန် တောင်းဆိုထားကြသည်။
ဒီဇင်ဘာ ၃၀ ရက်နေ့က ကရင်ပြည်နယ် လေးကေ့ကော်တွင် ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မ တပ်ခွဲမှူးအပါအဝင် တပ်ဖွဲ့ဝင် ၇ ဦးအား KNU တပ်ဖွဲ့များက လက်နက်ခဲယမ်းများနှင့်အတူ အရှင်ထပ်မံဖမ်းဆီးရမိကြောင်း ပြည်တွင်းသတင်းဌာနများက ဖော်ပြထားသည်။ ငြိမ်းချမ်းရေးမြို့တော်အဖြစ် တင်စားထားသော လေးကေ့ကော်မြို့ပတ်ဝန်းကျင်တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့မှစ၍ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအပါအဝင် အင်အားအလုံးအရင်းအသုံးပြုပြီးတိုက်ခိုက်နေသော်လည်းဘဲ မြေပြင်တိုက်ပွဲများတွင် KNU နှင့် PDF ပူးပေါင်းတပ်များက အသားစီးရရှိနေကြောင်း NUG ၏ ကာကွယ်ရေးဝန်ကြီးက RFA ကိုပြောဆိုသည်။ ဖေဖော်ဝါရီလမှစ၍ ဒီဇင်ဘာလအထိကာလအတွင်း KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ထိန်းချုပ်ရာနေရာများသို့ လက်နက်ချ အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သား ၄၇ ဦးထိ ရှိနေပြီဖြစ်ကြောင်း KNU/ KNLA အမှတ် ၅ တပ်မဟာ မှတ်တမ်းများအရ သိရှိရသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့က ကချင်ပြည်နယ် မိုးညှင်းခရိုင် ဆားမှော်ရှိ စစ်ကောင်စီ၏ ခမရ (၃၈၃) နှင့် ခမရ (၃၈၄) တပ်စခန်းနှစ်ခုကို စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကေအိုင်အိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောဆိုသည်။ ကရင်နီပြည်နယ်တွင် KSP ရဲဌာနက စစ်သား ရဲများအပါအဝင် စစ်ကောင်စီသတင်းပေး ၅၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒီဇင်ဘာ ၂၇ ရက်နေ့က Lu Nge Thit ကို ပြောဆိုသည်။
မုံရွာမြို့နှင့် ရန်ကုန်မြို့တို့တွင် ဒီဇင်လာလ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် စစ်ဗိုလ်များ၏ ဇနီးနှစ်ဦး အသီးသီးလုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း DVB က ဖော်ပြထားသည်။ စစ်ကိုင်းတိုင်း ကလေးမြို့နယ်ရှိ နတ်ချောင်းရွာကို ဒီဇင်ဘာ ၂၂ ရက်နေ့ကမှစ၍ စစ်ကောင်စီတပ်များနှင့် ဒေသခံကာကွယ်ရေးတပ်များ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်များ၏ လေကြောင်းတိုက်ခိုက်မှုများ လက်နက်ကြီးပစ်ခတ်မှုများကြောင့် နတ်ချောင်း ဒေသခံ ၂၀ ကျော်သေဆုံးခဲ့ရပြီး နေအိမ် အလုံးပေါင်း ၂၀ ကျော် ပျက်ဆီးဆုံးရှုံးသွားကြောင်း ဒေသခံများက ဧရာဝတီကို ပြောဆိုသည်။
ရိုဟင်ဂျာများအပေါ် ကျူးလွန်သော ပစ်မှုများအတွက် ICC တရားရုံးနှင့် အာဂျင်တီးနားတရားရုံးက ပေးပို့လာသော အကြောင်းကြားစာ ဖမ်းဆီးမိန့် ဖမ်း၀ရမ်းနှင့် ဆင့်ခေါ်စာများအား လက်မခံခြင်းမရှိရန် အာဏာသိမ်းစစ်ခေါင်းဆောင်က လျှို့ဝှက်ညွှန်ကြားချက်တစ်စောင်ထုတ်ပြန်ခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။ ရန်ကုန်မြို့အတွင်းဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှုများကြောင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်စစ်တိုင်းမှူး ဗိုလ်ချုပ်ညွှန့်ဝင်းဆွေသည် နေအိမ်အကျယ်ချုပ်ချခံထားရသည်ဟု CDM ပြုလုပ်နေသည့် ပြည်သူ့စစ်သားများအစုအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံနေရသော ပိုင်တံခွန်နှင့် လူမင်းအပါအဝင် အနုပညာအချို့နှင့် NLD ပါတီဝင်အချို့အား ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ ထိန်းချုပ်ထားသော တရားရုံးများက အလုပ်ကြမ်းနှင့်ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း BBC က ဖော်ပြထားသည်။
ဒီဇင်ဘာလ ၂၇ ရက်နေ့က အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒင်သည် The National Defense Authorization Act for Fiscal Year 2022 (NDAA-2022) ကို လက်မှတ်ရေးထိုးအတည်ပြုခဲ့သည်။ အဆိုပါဥပဒေမူကြမ်းအား မြန်မာ့အရေးအတွက် အစဥ်တစိုက်ဆောင်ရွက်လေ့ရှိသော Senator Mitch McConnell က ဦးဆောင်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး NDAA 2022 ၏ ပုဒ်မ ၆၅၁၀ တွင် မြန်မာပြည်မှာ ဒီမိုကရေစီရရှိရေး Supporting Democracy in Burma အတွက် ပြဌာန်းဖော်ပြထားပြီး NUG ကို ထောက်ခံအားပေးပြီး တရားဝင်ဖြစ်နိုင်ရေး ကိုဆောင်ရွက်ရန် CDM လှုပ်ရှားမှုကိုထောက်ခံအားပေးရန် ဖော်ပြထားသည်။

Comments

Popular Posts