Skip to main content

Posts

Featured

၁၆-၂၃ ဖေဖော်ဝါရီ၊ ၂၀၂၂

  ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အစပ် မိုးဗြဲမြို့တွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစ၍ ယနေ့အထိ ကရင်နီ ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေပြီး အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်သား ၆၀ ကျော်သေဆုံးခဲ့ကြောင်း KNDF က ထုတ်ပြန်ခဲ့သည်။ ၆ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီက တနေ့လျှင် လက်နက်ကြီး အကြိမ် ၅၀၀ နီးပါးခန့် ပစ်ခတ်ကြောင်း လေကြောင်း တိုက်ခိုက်မှု ၂၁ ကြိမ် ပြုလုပ်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ နယ်မြေခံသတင်းဌာနများ၏ ဖော်ပြချက်အရ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် PDF ဘက်က အယောက် ၂၀ ကျော်ကျဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။ ဖေဖေါ်ဝါရီလ ၁၇ရက်နေ့က စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကံကြီးကုန်းကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၂ ဦးအထိ ကျဆုံးခဲ့ကြောင်း DVB က ဖော်ပြထားသည်။ ဖေဖော်ဝါရီ ၁၈ ရက်နေ့ညက ရန်ကုန်မြို့ မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီ လေတပ်ဌာနချုပ်ထဲကို People's force (Yangon) က ဝင်ရောက်၍ အဝေးထိန်းခလုတ်ဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့သဖြင့် YAK 130 တိုက်လေယာဉ်

Latest Posts

၈-၁၅ ဖေဖော်ဝါရီ၊ ၂၀၂၂

၁-၇ ဖေဖော်ဝါရီ၊ ၂၀၂၂

၂၅-၃၁ ဇန်နဝါရီ၊ ၂၀၂၂

၁၇-၂၄ ဇန်နဝါရီ၊ ၂၀၂၂

၁၁-၁၆ ဇန်နဝါရီ၊ ၂၀၂၂

၅-၁၀ ဇန်နဝါရီ၊ ၂၀၂၂

၃၁ ဒီဇင်ဘာ၊ ၂၀၂၁ - ၄ ဇန်နဝါရီ၊ ၂၀၂၂

၂၄-၃၀ ဒီဇင်ဘာ၊ ၂၀၂၁

၁၈-၂၃ ဒီဇင်ဘာ၊ ၂၀၂၁

၁၂-၁၇ ဒီဇင်ဘာ၊ ၂၀၂၁